တရေးနိုးလာတော့ ရေဆာလာသလိုရှိတာနဲ့ ငစိုင်း ရေသောက်မယ်ဆိုပြီးကုတင်ပေါ်ကဆင်းလိုက်တယ်၊ ပြီးတော့အိပ်ချင်မူးတူးဖြစ်နေတဲ့မျက်လုံးကို လက်ခုံနဲ့ပွတ်ပြီးတလှမ်းချင်းစီဘဲမှုန်ပြပြအလင်းရောင်အောက်ကနေရေအိုးစင်ရှိရာကိုလျှောက်လာခဲ့တယ်။ ညဘက်ဆိုမီးလင်းရင်မအိပ်တက်တာနဲ့တစ်အိမ်လုံးကမီးတွေကိုမှိတ်ပြီးဘုရားမီးဘဲထွန်းအိပ်တက်တာဟာငယ်ငယ်ထဲကကိုအကျင့် ဖြစ်နေခဲ့တယ်ဆိုတော့တစ်အိမ်လုံးကမှောင်မဲနေတယ်၊ ရေအိုးစင်နားရောက်တော့ပြူတင်းပေါက်တံခါးကြားထဲကနေငြိမ့်ငြိမ့်လေးတိုးဝင်နေတဲ့လေညှင်းလေးကြောင့် နည်းနည်းအိုက်စပ်စပ်ဖြစ်နေတာသတိထားမိပြီး ပြူတင်းပေါက်ကိုဖွင့်လိုက်တယ်၊ စောစောကအိပ်ချင်မူးတူးဖြစ်နေတဲ့စိတ်တွေဟာပြူတင်းပေါက်ကနေအားရပါးရ၀င်လာတဲ့လေညှင်းတွေကြောင့်ချက်ချင်းကိုပျောက်သွားပြီးပတ်ဝန်းကျင်အမှောင်ထုထဲကို ဘာရယ်မဟုတ်ဘဲလျှောက်ကြည့်နေရင်းနဲ့ သတိထားမိလိုက်တာက ပတ်ဝန်းကျင်တစ်ခုလုံးငွေရောင်သန်းပြီးတော့လင်းချင်းနေတယ်။အင်းလပြည့်နေ့တောင်ရောက်ပါရော့လားဆိုပြီးတော့ လပြည့်နေ့မှာမှထူးထူးခြားခြားပွင့်လန်းတက်တဲ့ မိတ်ဆွေတစ်ယောက်လက်ဆောင်ပေးထားတဲ့ ကုမုဒြာပန်းပင်လေးကိုသတိရသွားတယ်၊ ဒီအချိန်ဆိုပန်းလေးများပွင့်နေမလားလို့သိချင်လာတာနဲ့ပြူတင်းတံခါးကို ပြန်ပိတ်ပြီးတော့တံခါးမကြီးဆီကိုခပ်သွက်သွက်လေးလျှောက်လာခဲ့တယ်၊ ပြီးတာနဲ့ဖိနပ်ကိုစီးပြီး အိမ်အောက်ကိုဆင်းပြီးပန်းအိုးလေးရှိရာဆီကိုလျှောက်သွားလိုက်တယ်၊ တွေ့လိုက်ရတာကတော့ကျွန်တော်မျှော်လင့်ထားသလိုပါဘဲဗျာ လန်းလန်းဆန်းဆန်းတောက်တောက်ပပနဲ့ကို ထီမထင်တဲ့အမူအရာနဲ့ပွင့်လန်းနေလိုက်တာများကျွန်တော်ကိုယ့်ဘာသာတောင်သိမ်ငယ်သွားစေလောက်တယ်။ ပန်းဆိုတာ ဘုရားပန်းကပ်ဖို့ဆိုတာလောက်သာသိခဲ့တဲ့ ငစိုင်း ဒီတစ်ခါတော့ငေါင်စင်းစင်းကျန်ခဲ့လောက်အောင်ကိုပါဘဲဗျာ...။

ညဆိုတာဟာမှောင်မိုက်ခြင်း၊ ညဆိုတာဟာတိတ်ဆိတ်ခြင်း၊ ညဆိုတာဟာအေးမြခြင်း၊ စတဲ့ညရဲ့ဂုဏ်အင်တွေအပြင်ကို ဒီလို လပြည့်ညလေးမှာတော့ဂုဏ်အင်တစ်ခုကိုထပ်တိုးလာအောင်လို့ အချင်း ကုမုဒြာပန်းလေးကဆောင်ကျဉ်းလာခဲ့တယ်၊ ညဆိုတာဟာ အနှိုင်းမဲ့အလှတို့ ၀တ်မှုန်ခြင်းတဲ့လေ။ ကြည့်နေရင်းနဲ့ကိုဘဲဒီပန်းလေးမနက်ဖြန်မှာကောဆက်ပွင့်နေမှာလား၊ သူဘယ်လောက်အထိများလန်းလန်းဆန်းဆန်းနဲ့ ဒီလိုလေးလှနေမှာလဲလို့တွေးမိခဲ့တယ်၊ တဆက်တည်းစဉ်းစားမိလိုက်တာက သဘာဝ တရားကြီးကိုသက်ရှိခြင်းတူတူ ဒီလိုပန်းလေးတွေကဘာဖြစ်လို့များလူတွေထက်ပိုပြီး သဟဇာတဖြစ်နေနိုင်ကြတာလဲ၊ လူတွေကကော....ဘာကြောင့်များသဘာဝတရားကြီးကိုဆန့်ကျင်ချင်နေကြတာလဲ..........။
သဘာဝတရားဖြစ်တဲ့နေမင်းကြီးရဲ့အလင်းရောင်၊ အပူစွမ်းအင်တွေကို ဂြိုလ်ရံလဖြစ်တဲ့ လမင်းကြီးကခံယူစုပ်ယူပြီးတော့ နေမင်းကြီးအနားယူချိန်ဖြစ်တဲ့ညအခါသမယမှာတော့တာဝန်ကျေစေခဲ့တယ်၊ ဒါကိုကြည့်ပြီးတော့လူတွေက solar system ကိုတီထွင်သုံးစွဲခဲ့ကြတယ်၊ ဒါဟာကောင်းတဲ့ရည်ရွယ်ချက်တစ်ခုဆိုရင်မမှားပါဘူး၊ ဒီလိုမျိုးအားလုံးသောလူသားတွေရဲ့သဘာဝတရားကိုဆန့်ကျင်ပြီးတော့ အသုံးဝင်မယ့်အသုံးတဲ့မည့်ပစ္စည်းတွေဟာလည်း ထိုနည်းတူစွာဘယ်အရာကိုမှမထိခိုက်မနစ်နာစေခဲ့ရင်သိပ်ကောင်းမှာဘဲ၊ အတ္တတွေရဲ့ပြယုဒ်အဖြစ်တောင်ကတုန်းတွေ၊ မောဟတွေရဲ့ပြယုဒ်အဖြစ် အိုဇုန်းလွှာအပေါက်တွေဟာသဘာဝတရားကြီးကိုဆန့်ကျင်တဲ့တီထွင်မှုချင်းတူတူ solar system ကိုအသက်သွင်းစေခဲ့တာထက်အဆပေါင်းများစွာဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ဒါဟာပန်းတွေလောက်တောင်မှ သဘာဝတရားကြီးရဲ့မျက်နှာကိုလူတွေကမထောက်ထားတဲ့ ရမ္မက်ပြကွက်များသာဖြစ်ပါတယ်။
သင်ချစ်တက်သလားလို့ကိုယ့်ဘာသာ ငစိုင်းပြန်မေးကြည့်တယ်၊ ထပ်ပြီးတော့လည်းချစ်တက်တယ်ဆိုရင်အဲဒီကိုယ်ချစ်တဲ့အရာကို တည်မြဲစေချင်တင့်တယ်စေချင်၊ ခမ်းနားလှပစေချင်တဲ့စိတ်တွေယိုဖိတ်ခဲ့ဖူးရဲ့လားလို့လည်းထပ်မေးခဲ့တယ်၊ ဟုတ်ကဲ့ ငစိုင်းကိုယ့်ဘာသာပြန်ဖြေလိုက်ပါတယ်.... ကျွန်တော်သိပ်ချစ်တက်ပါတယ်၊ ဘာတွေကိုချစ်တက်တာလည်း၊ ဘာတွေကိုများထပ်ချစ်ဦးမှာလဲ၊ ဘယ်အရာက သင့်ရဲ့အချစ်ဆုံးဖြစ်နေမလဲ၊ သင်ချစ်တဲ့အရာအတွက်ကို သင်အသက်သို့မဟုတ် သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု၊ ဒါမှမဟုတ်သင့်ဂုဏ်သိက္ခာ၊ သင့်နာမည် အဲ့ဒါတွေကိုများစွန့်လွှတ်နိုင်ပါ့မလားလို့ငစိုင်းကိုယ့်ဘာသာထပ်မေးကြည့်မိတယ်...(အင်း....အဲ....အဲ့ဒါကလေ...ဘယ်လိုပြောမလဲဆိုတော့......ဟိုဗျာ....) ဒါကျွန်တော်ရဲ့အဖြေအမှန်ဖြစ်ပါတယ်၊ ဒါတွေဟာကိုယ်တကယ်ချစ်တာမှာ မေတ္တာ မပါတဲ့အတွက်ကြောင့်ထွက်ပေါ်လာခဲ့တဲ့စကားလုံးတွေဆိုတာ ငစိုင်းကိုယ့်ဘာသာကောင်းကောင်းသိသွားခဲ့ပါတယ်၊ လူတွေရဲ့ချစ်ခြင်းဆိုတာဟာ ကျန်သက်ရှိတွေထက်ကိုတော်တော်လေးလျော့ရိလျော့ရဲနိုင်လှတယ်လို့ငစိုင်းကောင်းကောင်းသတိပြုမိသွားတယ်။ wifi စနစ်ကြောင့် သစ်ပင်တွေရဲ့ရပ်တည်မှုကိုတော်တော်လေးထိခိုက်ပျက်စီးစေပေမယ့်သစ်ပင်တွေဟာတော့လူသားတွေအတွက် oxygen ကိုထုတ်မြဲထုတ်ပေးနေကြစမြဲပါ၊ ဒါဟာသူတို့ရဲ့အသက်ရှင်ရပ်တည်မှုအတွက်စွမ်းအင်ယူငင်ထုတ်လွှတ်ခြင်းသက်သက်မကဘူးလို့တော့ ငစိုင်းယုံကြည့်ပါတယ်၊ သူတို့တွေဟာသဘာဝတရားရဲ့လက်တံတစ်ခုဖြစ်တဲ့လူသားအပါအ၀င် သက်ရှိသတ္တ၀ါတွေရဲ့အသက်ရှင်ရပ်တည်မှုအတွက်ကို သဟဇာတဖြစ်စေမဲ့လုပ်ရပ်တခုလို့ငစိုင်းယူဆမိပါတယ်၊ နောက်တစ်ခုက သစ်ပင်တွေဟာငစိုင်းတို့လူသားတွေအပေါ်မှာ ချစ်ခြင်းမေတ္တာအပြည့်ရှိတယ်ဆိုတာကိုပြသနေသလိုခံစားရပါတယ်။ ငစိုင်းတို့လူသားတွေများကြတော့ သစ်ပင်တွေရဲ့သဘာဝဖြစ်စဉ်ကိုဂရုမစိုက်ကြဘဲ ဓါတ်အားလိုင်းကြိုးနဲ့သစ်ပင်မလွတ်ရင် အဲ့ဒီသစ်ပင်ကိုခုတ်၊ ရွက်ဟောင်းများကြွေလို့ရွက်သစ်လေးများဝေတဲ့အချိန်မှာ သစ်ရွက် ကြွေတွေကိုအမှိုက်ရှုပ်တယ်လို့ယူဆပြီးအဲ့ဒီသစ်ပင်ကိုကောင်းကောင်းမေတ္တာပို့နေတက်တာဟာ သက်ရှိခြင်းတူတူ ချစ်ခြင်းမှာမေတ္တာမပါကြလို့များလားဗျာ....။
ဒီအတွေးလေးခေါင်းထဲရောက်လာခဲ့တဲ့နောက်ပိုင်းမှာတော့ ငစိုင်းတစ်ခုခုလောက်များသစ်ပင်ပန်းမာန်လေးတွေအပေါ်ကို ကိုယ့်ရဲ့အတ္တနည်းနည်းနဲ့ချစ်ခြင်းမှာ မေတ္တာထည့်ပေးချင်စိတ်ဖြစ်လာခဲ့မိတယ်၊ ဒါနဲ့ငစိုင်းဘာလုပ်ပေးရင်ကောင်းမလဲလို့စဉ်းစားကြည့်မိ တော့ဒီအတွေးလေးခေါင်းထဲရောက်လာအောင်ဆောင်ယူလာပေးတဲ့ ကုမုဒြာပန်းလေးကို သူ့အလှထာဝစဉ်တင့်တယ်လှပလာအောင်လို့ လုပ်ပေးချင်စိတ်တဖွားဖွားဖြစ်လာခဲ့တယ်၊ ဒါဆိုရင် လကညတိုင်းပြည့်ပေးနေရမှာလား၊ ဒါတော့ငစိုင်းမတက်နိုင်ဘူး၊ သဘာဝလွန်ကြီးဥစ္စာ ဒါဆိုဘာလုပ်ပေးမလဲ၊ စဉ်းစားရင်းစဉ်းစားရင်းနဲ့solar system ကိုခေါင်းထဲရောက်လာခဲ့တာနဲ့ဟုတ်ပြီငါဒီsolar system နဲ့လမင်းကြီးအတုတစ်ခုဖန်တီးပြီးတော့ငါချစ်တဲ့ဒီကုမုဒြာပန်းလေးထာဝရလန်းနေအောင်လို့လုပ်မယ်ဆိုပြီးစိတ်ကူးရလာခဲ့တယ်၊ ဒါဟာဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူးလား၊ သေချာမသိပါဘူး၊ ဒါပေမယ့်ငစိုင်းမျက်နှာပူတယ်၊ ထို့အတူဘဲငစိုင်းသစ်ပင်ပန်းမာန်တွေရဲ့ရှေ့မှာ သိမ်သိမ်ငယ်ငယ်နဲ့နေနေရမှာကို လည်းရှက်မိတယ်၊ ဒါကြောင့် ငစိုင်းလုပ်ပေးချင်နေတာဟာ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာထက်ကိုကျွန်တော်ရဲ့ကြာရှည်မရှက်နိုင်တော့တဲ့သိက္ခာအတွက်လုပ်ပေးချင်မိတာပါ။ မိတ်ဆွေတို့လည်းငစိုင်းလိုဘဲတစ်ခါလောက်ဖြစ်ဖြစ်ပေါ့ ကုမုဒြာပန်းအပါအ၀င်အခြားသော သစ်ပင်ပန်းမာန်လေးများကိုချစ်တဲ့စိတ်နဲ့တစ်ခုခုကိုလုပ်ပေးချင်စိတ်လေးများဖြစ်ပေါ်ခဲ့မယ်ဆိုရင်ဘယ်လောက်ကောင်းမလဲလို့တိုက်တွန်းရင်းနဲ့အဆုံးသတ်လိုက်ပါတော့တယ်ဗျာ...........။
လူလွန်လှိုင်း
No comments:
Post a Comment