ကတိက၀တ်ကို
ကလေးကလားဆန်စွာပေးပြီး
ကပျက်ကရက်လုပ်ရပ်တွေနဲ့အလှဆင်ခဲ့တော့
ကမောက်ကမဖြစ်စဉ်တွေက
ကပိုကရိုအလှနဲ့
ကစဉ်ကလျားကခုန်နေကြပြီ
ကလေက၀လို့မစွပ်ဆွဲရအောင်
ကတိုက်ကရိုက်ပြုပြင်ပေမယ့်
ကလေကချေအကျင့်ကဖျောက်လို့မရဘဲ
ကမန်းကတမ်းလိုက်ပါလာခဲ့တယ်ဆိုတော့
ကပ်သီးကပ်သပ်အမတ်ရေ
တစ်ရက်ကို (တစ်သောင်း)ယူပြီးတော့တာ
ကပ်ရိုက်ကပ်ခွေလုပ်နေဦးပေတော့.................။
လူလွန်လှိုင်း (S.M.W)
No comments:
Post a Comment