
ရွေတွေ၊ ရွှေတွေ၊ ကမ္ဘာကစွန့်ပစ်ခဲ့တဲ့ရွှတွေကိုအခုတော့ ကမ္ဘာကဘဲအလုပ်အယက်ကိုယူငင်နေကြပြီ၊ အမှုန်အမွှားဖြစ်ဖြစ်၊ အတုံးအခဲဖြစ်ဖြစ် အထည်ဖြစ်ဖြစ်၊ အပျက်ဖြစ်ဖြစ် အကုန်လုံးကိုရသလောက်ယူချင်နေကြတဲ့သူတွေရဲ့စိတ်ထဲကတူညီတဲ့သတ်မှတ်ချက်လိုအင်တစ်ခုဘဲ၊ အဲဒါကတော့ ၁၆ ပဲရည်ပြည့်ပြည့်နဲ့မှတ်ကျောက်တင်ခံနိုင်ဘို့ဆိုတာဘဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာအကြောင်းအမျိုးမျိုးကြောင့်ခေတ်နောက်ကျချန်ခဲ့ခြင်းခံခဲ့ရပြီးပါပြီ၊ ဒါပေမယ့်ဒီအရာဟာအခုတော့တဖြည်းဖြည်းနဲ့မှေးမိန် စပြုလာပြီဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမူတွေနဲ့အတူအခွင့်အရေးပေးချင်ကျတဲ့သူတွေဟာတရစပ်လိမ့်ဝင်လာနေကြပါပြီ၊ အဲဒီနေရာမှာတော့ ကျွန်တော်တို့ တွေ့ဖူးနေကြအလုပ်ရှင်မျိုးလိုသူတို့တွေက လျှောက်လွှာရောင်းစားချင်လို့အလုပ်ခေါ်မှာမဟုတ်တဲ့အတွက်ကြောင့် ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာနဲ့ချည်းကပ်မယ် လို့တော့စိတ်ထဲမှာတောင်မကူးထားမိပါစေနဲ့၊ ကျွန်တော်တို့ဆီမှာရှိတဲ့အရည်အသွေးတွေ၊ အရည်အချင်းတွေကို သေချာအောင်မှတ်ကျောက်တင်ခံနိုင်မှသာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်အဖြစ်နဲ့ရွေးချယ်ကြမှာဖြစ်ပါတယ်။ ဒါမှသာ win-win-win ပေါ်လစီအတိုင်းအားလုံးအတွက်အကျိုးရှိစေမယ်လို့သူတို့က ခံယူထား ကြတဲ့အတွက်ပါ။ win-win-win ပေါ်လစီဆိုတဲ့နေရာမှာ ပထမ win က သူတို့ရဲ့အကျိုးအမြတ်၊ ဒုတိယ winက စားသုံးသူရဲ့စိတ်ကျေနပ်မှုနဲ့၊ တတိယ win ကတော့ ကျွန်တော်တို့ခင်များတို့လို လုပ်သားတွေအတွက်ဘဲဖြစ်ပါတယ်။ HR (လူစွမ်းအားအရင်းအမြစ်)တွေဖြစ်ကြတဲ့ကျွန်တော်တို့တွေရဲ့ရပိုင်ခွင့်တွေကိုသူတို့တွေ ကနိုင်ငံတကာနဲ့တန်းတူရစေမှာဖြစ်တဲ့အတွက်ကြောင့်တော့ အောက်ပါတံခါးခေါက်သံ(၅)ချက်ကိုနားစွင့်ရင်းလုပ်သင့်တာတွေကိုမိမိရဲ့ ဘ၀တိုးတက်လမ်း အတွက် လုပ်သင့်ပါတယ်လို့တိုက်တွန်းချင်ပါတယ်။ ဒီလူတွေဟာသူတို့မိခင်နိုင်ငံအပြင် နိုင်ငံတကာမှာပါအောင်မြင်တဲ့လုပ်ငန်းတွေကို လျှောက်လှမ်းပိုင်ဆိုင် ခဲ့ကြပြီးသားဖြစ်နေတဲ့အတွက် ကျွန်တော်တို့ဆီကအရိုးစွဲနေတဲ့အကျင့်တွေဖြစ်တဲ့အောက်ပါအကျင့်များကိုတော့ရှောင်ကြရမှာဖြစ်ပါတယ်။
တံခါးခေါက်သံ(၁)
ကျွန်တော်တို့ဆီမှာရှိတဲ့ လူကြီးအကြိုက်ဖြစ်စေမယ့်အရာတွေကိုသာလူကြီးမြင်အောင်လုပ်ခြင်း၊ လူကြီးလာခါနီးမှ ခြံစည်းရိုးထုံးသုတ်ခြင်း၊ လူကြီး ရှေ့မှာ အလုပ်ကျိုးစားတဲ့သူလို့ပေါ်လွင်စေရန်အတွက်အလုပ်ရှုပ်ပြခြင်း၊ လက်ဆောင်အမျိုးမျိုးကိုအကျိုးမျှော်ပေးကမ်းခြင်း၊ ကုံးတိုက်ခြင်း၊ မြှောက်ထိုးပင့်ကော် လုပ်ခြင်း၊ ချောက်တွန်းခြင်း၊ စတာတွေဟာ ၁၂ပဲရည်လောက်သာအရည်အသွေးရှိတဲ့ရွှေကိုသတ္တုတစ်မျိုးမျိုးရောထားခြင်းမျိုးဖြစ်နေတဲ့အတွက်ကြောင့်ရှောင် သင့်ပါတယ်။
တံခါးခေါက်သံ(၂)
တက်ရောင်ကားလုပ်နေဦးမှာလား၊ wi-fi စနစ်ဟာသစ်ပင်တွေအပေါ်ကိုများစွာထိခိုက်စေတယ်ဆိုတာကိုတောင်မှ ဗဟုသုတအဖြစ်မသိဘဲနဲ့တော့ Network Engineer အဖြစ်လုပ်ချင်လို့မရနိုင်ပါဘူး၊ ဆေးထိုးအပ်ကိုင်ပြီးအားဆေးထိုးတက်ရုံလောက်နဲ့တော့ဆေးဝါးကျွမ်းကျင်အလုပ်ကိုမရနိုင်တဲ့အတွက် ကြောင့်မို့၊ ကျွန်တ်ာတို့တွေဟာ (က ကြီး ကနေပြီးတော့ အ အထိ)ကို အတည့်ရောပြောင်းပြန်ပါကျေကျေညက်ညက်ရှေ့နောက်ရွက်ဆိုနိုင်ရင်တော့အကောင်း ဆုံးဖြစ်ပါတယ်၊ ဒီလိုမဟုတ်ရင်လည်းဘဲ (က ကြီး ကနေ အ အထိ)ရဲ့ဗျည်း၃၃ လုံးမှာ အလည်အလုံးက ဘာလဲလို့မေးလာတာနဲ့ (ထ)ဆင်ထူးရယ်လို့တန်းပြီး ပြောနိုင်လောက်အောင်တော့ပြင်ဆင်ထားဖို့လိုပါတယ်။
တံခါးခေါက်သံ(၃)
ငါးမရရေချိုးပြန်လို့မရနိုင်ပါဘူး၊ စာရိတ္တကို နည်းပညာတက်ခြင်းမတက်ခြင်းထက်ပိုပြီးတော့အလေးထားကြတဲ့အတွက်ကြောင့်မို့အရင်ကလို တစ်တက် စားလည်းကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်ဆိုပြီးတော့ ကြက်သွန်ခိုးမွှန်ကာမှ ညီလေးအကိုကြီးဆိုတဲ့အထာလောက်နဲ့ဖြေရှင်းလို့မရနိုင်တဲ့အတွက်ပါဘဲ၊ မင်းသားမလုပ်ရလို့ပတ်မကြီးထိုးဖောက်ပစ်မယ်လို့တော့ မကြံစည်မိစေနဲ့အဲဒီအချိန်ကျရင် ရှေ့နေခတွေကိုဒေါ်လာနဲ့ပေးချေရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် နရသိန်မှာ (ဂိန်)ရမှာသာဖြစ်တာမို့ဒီအရာမျိုးကိုတော့လုံးဝကိုရှောင်ကြရမှာဖြစ်ပါတယ်။
တံခါးခေါက်သံ(၄)
အချိန်တဲ့၊ နာရီထဲမှာ ဓါတ်ခဲထည့်ထားပြီးအဲဒီဓါတ်ခဲအားရှိနေသလောက်လည်ပတ်နေတဲ့နာရီတွေရဲ့ ညွှန်ပြမှုတွေဟာတစ်လုံးနဲ့တစ်လုံးထပ်တူမကြ တာဟာ ပြသနာမဟုတ်ပေမယ့် သင့်လက်ကနာရီနဲ့ အလုပ်ကနာရီရဲ့စံတော်ချိန်မတူညီမှုဟာတော့ ခဲလေသမျှသဲရေကျဆိုတာမျိုးဖြစ်စေမှာ ကြောင့်အထူးသတိ ထားသင့်ပါတယ်။
တံခါးခေါက်သံ(၅)
မှန်တဲ့အတိုင်းရပ်တည်တဲ့အတွက် ရဲဝင့်စွာပြန်လည်ပြောဆိုရဲရပါမယ်၊ အရင်တုံးကလိုလူကြီးပြောသမျှမှန်မှန်မှားမှားခေါင်းငုံခံနေစရာမလိုပါဘူး၊ ဒီလို လုပ်ရပ်မျိုးကိုလည်းသူတို့တွေကလက်မခံပါဘူး၊ အဲဒီအကျင့်ရှိတယ်ဆိုရင် နာရေးကူညီမှုအသင်းဆီဆက်သွယ်ပြီးပို့လိုက်ပါတော့၊ သူတို့ဘာသာသင့်တော်သလို စီမံလိုက်ကြပါလိမ့်မယ်၊ သင့်ဆီမှာတော့ဒီအကျင့်ကိုလုံးဝမရှိပါစေနဲ့၊ ပြန်လည်ပြောဆိုတဲ့နေရာမှာလည်း ကရားရေလွှတ်သလို ပြောဆိုတာထက်ကို အကြံပေး ပြောဆိုနည်းနဲ့ ကျွန်တော်အမြင်ကတော့ဒီလို၊ ကျွန်တော်ဒါကြောင့်ဒါကိုလုပ်လိုက်ရတာပါ၊ ဒီလိုလုပ်ရင်တော့ပိုကောင်းသွားနိုင်တယ်လို့ယူဆတဲ့အတွက်ကြောင့် လုပ်ရခြင်းဖြစ်ပါတယ် ဆိုတဲ့ဖြေရှင်းချက်မျိုးတွေနဲ့ ကျွန်တော်နဲ့ဆရာတို့ အတွက်အကောင်းဆုံးဖြစ်စေမယ့်ကြားနည်းလမ်းကိုသုံးရင်နှစ်ဦးနှစ်ဖက်စလုံးအတွက် ပိုလို့အဆင်ပြေနိုင်ပါတယ်လို့မိမိရဲ့ထင်မြင်ချက်ကိုရဲဝင့်စွာအကြံပေးနိုင်တဲ့ တတိယအမှန်တရား ကိုရှာဖွေခြင်းနည်းလမ်းမျိုးတွေကိုသုံးသင့်ပါတယ်လို့အကြံပြု ပါရစေ။
အထက်ပါတံခါးခေါက်သံ(၅)ချက်အပြင်အခြားသောဆောင်ရန်ရှောင်ရန်တွေများစွာရှိပါသေးတယ်၊ အဓိက ဖြစ်စေမယ့်အချက်တွေလောက်ကိုသာ ကျွန်တော်သိမြင်ရသလောက်တင်ပြပေးခြင်းဖြစ်ပါတယ်၊ အယူအဆတူသောသူများလက်ခံနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်၊ အားလုံးသော လူငယ်လေးများ ရဲ့လှပတဲ့အနာဂတ်ကို နံသာဆီနဲ့ သိင်္ဂီရွှေခွက်တင့်တယ်စေချင်တဲ့စေတနာနဲ့ရေးသားလိုက်ရခြင်းဖြစ်ပါကြောင်း...........။
လူလွန်လှိုင်း

